Saturday, September 01, 2012

အာစရိယဂုဏံ အဟံ ဝန္ဒာမိ

  ဒီနေ့ဟာ မော်လမြိုင်မြို့ မြစေတီ စာသင်

တိုက်ကြီး၏ ၂၃ ကြိမ်မြောက် အာစရိယ

ဂုဏပူဇာ ကျင်းပ နေတဲ့ နေ့ပါ။

   မနှစ်ကတော့

www.myaseti.weebly.com

ဆိုတဲ့ website လေးရေးပြီး ကျောင်းသား

ဟောင်းများကို မျှဝေပူဇော်စေခဲ့သည်။

ယခုနှစ်တော့ ရန်ကုန်မှာပြောင်းလဲ

သီတင်းသုံးခဲ့သည်မို့ ဘာမှ

ပေးနိုင်လိမ့်မည်မဟုတ်။

သို့သော်လည်း ဆရားအပေါင်းတို့

၏ ဂုဏ်ကို ဤblog မှတ်တမ်းဖြင့်ပူဇော်

ခဲ့ပါသည်။

    အစကတော့ရန်ကုန်မှာနေပေမယ့်

ဆရာကန်တော့ပွဲကိုသွားမည်ဟုအားခဲ

ထားသော်လည်း မနက်ဖြန်မှာ ရန်ကုန်က

ကျောင်းမှာဝါဆိုသင်္ကန်းကပ်ကရှိနေပြန်

တယ်။ ရောက်ပြန်ဆိုလည်းပင်ပန်းမှာမို့

ဆရာကတော့ပွဲကိုဒီနှစ်တော့လက်လွှတ်

ခဲ့ရတယ်။

"
ဖြစ်ချင်တာလည်းမဖြစ်ရပါ မဖြစ်ချင်

တာလည်းဖြစ်မှာ အဲဒါ ------"ဘဝ

သံသရာ သီချင်းကိုကြားယောင်ရင်းက

ဒီဟာလေးတော့ မိမိလက်ရှိရေးမယ်လို့

လုပ်ထားတဲ့ " သံသရာခရီးသည် "

ဘလော့မှတ်စုလေးမှာရေးဖို့ သတိရသည်

မို့ ခုရေးပြီးတင်လိုက်ရပါသည်။

  ဆရာကန်တော့ပွဲနှင့်အတူ ကျင်းပသော

ဆရာ့ဂုဏ်ရည် ကဗျာ , ဆောင်းပါး

ပြိုင်ပွဲတွင် မည်သည့် အရှင်မြတ်သည်

မည့်သည့် ဆုလာဒ်ဖြင့် ပီတိလွှမ်းနေပါစ

ဟုလည်း အတွေးဖြင့် မြင်ယောင်ကြည့်

သည်။သေချာစွာသိရဖို့တော့

အရှင်သောဘဏကိုဖုန်းဆက်မေးရ

ပေလိမ့်မည်။ ထိုအရှင်ကူညီမည်ဆိုပါက

www.myaseti.weebly.com

တွင်၂၃ကြိမ်မြောက် အာစရိယဂုဏ ပူဇာ

သဘင်၏ မှတ်တမ်းဓါတ်ပုံ နှင့် ဆုရ

စာမူများကို ပြန်လည်မျှဝေနိုင်ပေလိမ့်

မည်ဟု ထင်ပါသည်။

  ယခုတော့ထိုအရှင်ထံဖုန်းဆက်မေးမြန်း

ရမှာမို့ ဒီနေရာမှာပဲ blog မှတ်တမ်းကို

ရပ်ရပေတော့မည်။

   အားလုံးသောဆရာသမားတို့အားရိုသေ

သောစိတ်ထားဖြင့်ညွှတ်တွားကန်တော့လို

က်ပါ၏ အရှင်ဘုရား။