Sunday, September 23, 2012

အနန္တငါးပါးပြစ်မှားပါက ယခုဘဝ၌ အဘယ်သို့အပြစ်ခံရမည်နည်း?

Sunday, September 23, 2012
အနန္တငါပါး တစ်ပါးပါးကို
ပြစ်မှားသောသူ ပုဂ္ဂိုလ်မူကား
ဆယ်မျိုးပြစ်ဒဏ် တွေ့ရိုးမှန်၏ ။
သွေးအန်ဖြစ်လွယ် ရောင်းဝယ်ရှုံးခြင်း
ချွတိယွင်းအင်္ဂါ နူနာကုဋ္ဌ
ရူးကြဖောက်ပြန် မင်းဒဏ်သင့်၍
ကြမ်းကြုတ်စွပ်စွဲ သေကွဲသားချင်း
ပျက်ခြင်းစည်းစိမ် နေအိမ်မီးလောင်
ဒုက္ခတောင်သည် လူ့ဘောင်ဒိဋ္ဌတွေ့မြဲတည်း။
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်ကြ
သော ရတနာ သုံးပါး နှင့် မိဘဆရာ
သမားတို့အား ပြစ်မှားကျူးလွန်မိပါက
ယခုမျက်မှောက် ကာလမှာ အပြစ်ဒဏ်
ကြီး ဆယ်မျိုးနှင့်တွေ့ကြုံရပေလိမ့်မည်
ရှေးရှေးဆရာတို့က အထက်ပါလင်္ကာဖြင့်
သတိပေးခဲ့ကြသည်။
ထင်ရှားအောင် အမှတ်စဉ်တပ်၍ဖော်ပြရ
ပါလျှင်
၁။ သွေးအန်ပြီးအသေဆိုးဖြင့်သေခြင်း။
၂။အရောင်းအဝယ်ရှုံးတတ်ခြင်း။
၃။ကိုယ်လက်အင်္ဂါများအကြောင်းကြောင်း
   ကြောင့် ပျက်စီးချွတ်ယွင်းတတ်ခြင်း။
၎။နူနာစွဲကပ်ခံရခြင်း
၅။ရူးသွပ်စေခြင်း
၆။မင်းပြစ်မင်းဒဏ်သင့်ခြင်း
၇။သူတစ်ပါးအစွပ်အစွဲ ခံရခြင်း
၈။ဆွေမျိုးတို့နှင့် သေကွဲကွဲရခြင်း
၉။စည်းစိမ်များပျက်စီးခြင်း
၁၀။နေအိမ်မီးလောင်ခံရခြင်း
ဟူ၍ ဖြစ်ကြပေသည်။

ထို့ကြောင့်အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များကို မပြစ်မှားအပ်ပေ။
                                အရှင်ခေမိန္ဒ