Saturday, September 22, 2012

ဒေဝဒူတ သုတ္တန်လာ သေမင်းတမန် ၃ ဦး၏ တရားလင်္ကာ

ပထမ သေမင်းတမန် ( သူအို )

သူအိုကြီးက မြတ်ဓမ္မ ဟောပြတွေ့တိုင်းသာ
ငါအိုသလိုပဲ သင်တို့လည်း
အိုမြဲဓမ္မတာ။

မအိုခင်က ကုသလ
ပြုကြဖန်ခါခါ
အိုဘေးလွတ်ရေး
မျှော်ထောက်တွေး
မနှေးကျင့်ကြပါ။

ဒုတိယသေမင်းတမန် ( သူနာ)

သူနာကြီးက မြတ်ဓမ္မ ဟောပြတွေ့တိုင်းသာ
ငါနာသလိုပဲ သင်တို့လည်း
နာမြဲဓမ္မတာ။

မနာခင်က ကုသလ
ပြုကြဖန်ခါခါ
နာဘေးလွတ်ရေး
မျှော်ထောက်တွေး
မနှေးကျင့်ကြပါ။

တတိယ သေမင်းတမန် ( သူသေ )

သူသေကြီးက မြတ်ဓမ္မ ဟောပြတွေ့တိုင်းသာ
ငါသေသလိုပဲ သင်တို့လည်း
သေမြဲဓမ္မတာ။

မသေခင်က ကုသလ
ပြုကြဖန်ခါခါ
သေဘေးလွတ်ရေး
မျှော်ထောက်တွေး
မနှေးကျင့်ကြပါ။

                            အရှင်ခေမိန္ဒ


No comments:

Post a Comment

မှတ်ချက်ရေးသားလိုပါက အပေါ်ဘက်မှ post a commentကိုနှိပ်ပါ