ဥတ္တရ သာမဏေ ဝတ္ထုမှ ကောက်နှုတ်ချက်လေးတစ်ခု
****************************
ဥတ္တရ သာမဏေလေး ကိုရင် ဘဝနဲ့ ရဟန္တာ အရှင်မြတ်ကြီးဖြစ်တဲ့ ကုသိုလ်က ဝိဇ္ဇာဓိုရ် ယောင်္ကျားလေးဘဝက သုမေဓာ ဘုရားရှင်ကို တောထဲမှာ အလေ့ပေါက်တဲ့
မဟာလှေခါးပန်းလေး သုံးပွင့်ကို စေတနာ ပါပါနဲ့ လှူပြီး ဘုရားရှင်ရဲ့ ရောင်ခြည်တော်တွေကို တကယ့် သဒ္ဓါစစ်နဲ့ ကြည်ညိုခဲ့တဲ့ကုသိုလ်ကံကြောင့်။
နောက်တစ်ခါ ရဟန္တာ မဖြစ်ခင် သံတံကျင် အလျှိုခံရပြီး ဘေးဒုက္ခကြုံရတာကတော့
မထင်မရှားဘဝတစ်ခုမှာတုန်းက ကလေးတို့ ဘာသာဘာဝ သစ်ပင်ပေါ်က ငှက်သိုက်ထဲက ငှက်ကလေးကို နှိုက်ယူပြီး တမာရိုးကလေးများနဲ့ တံစို့ထိုးပြီး ဆော့ခဲ့မိလို့ရယ် ၊ တစ်ခုသော ဘဝမှာတော့ မိဘတွေ ကောင်းစေချင်လို့ ပြောတဲ့စကားကို နှုတ်လှန်ထိုးပြီး ခွန်းတုံ့ပြန် ရန်တွေ့ပြီး
“ ခင်ဗျားကြီးတို့ရဲ့ လျှာကို တံစို့ထိုးထားဖို့ကောင်းတယ် ” လို့ ဝစီကံမြောက်ကျူးလွန်ခဲ့မိတဲ့ အကိုသိုလ်ကံကြောင့် ။
ဒါကြောင့် ကုသိုလ် ၊ အကုသိုလ်ဆိုတာ ကြီးကြီး သေးသေး အကျိုးပေးတာပဲ ။
တို့များသူတော်ကောင်းတို့လည်း ကုသိုလ်ကို နည်းတယ် ငယ်တယ် ဆိုပြီး မပြုပဲ မနေကြနဲ့ ။
အကိုသိုလ်ကိုလည်းပဲ ငယ်တယ် သေးတယ်ဆိုပြီး ပေါ့ပေါ့လေးတွေးပြီး ပြုကျင့်ကြတာတွေ မရှိစေကြနဲ့ ။
ဒီနေ့ကစပြီး ကုသိုလ်တွေကို တတ်နိုင်သမျှ ပြုကြ ၊ အကုသိုလ်တွေကို တတ်နိုင်သမျှ ရှောင်ကြပါ ။
(သံသရာခရီးသည်)

No comments:
Post a Comment
မှတ်ချက်ရေးသားလိုပါက အပေါ်ဘက်မှ post a commentကိုနှိပ်ပါ