ကြီးပွားချင်သူများ ကျင့်ကြံရမည့် တရား ( ၇ )ပါး
**********************************************************
မကြီးပွား မတိုးတက်ချင်သူရယ်လို့ လောကကြီးမှာ ရှိမယ် မထင်ပါဘူး ။ လူတိုင်း ကြီးပွားချမ်းသာချင်ကြမယ် ထင်ပါတယ် ။ ကြီးလည်းကြီးပွား အပြစ်လည်းကင်းစွာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အောက်ပါတရား (၇) ပါးကိုသေချာ မှတ်သားပြီး ကျင့်ကြံ ကြည့်ပါ ဓမ္မမိတ်ဆွေ..။
ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။ (၂၄ ၊ အပ္ပမာဒဝဂ် ၊ ဓမ္မပဒ )
ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။
Energetic, alert, ever mindful, pure in deed, careful in action, self-controlled, living in accordance with truth (right livelihood), that person will arise in glory.
• လုံ့လကြီးပါ ၊ လောကမှာ ၊ မှန်စွာကြီးပွားမည်။
• သတိရှိပါ ၊ လောကမှာ ၊ မှန်စွာကြီးပွားမည်။
• ကံစင်ကြယ်ပါ ၊ လောကမှာ ၊ မှန်စွာကြီးပွားမည်။
• ဆင်ခြင်လုပ်ပါ ၊ လောကမှာ ၊ မှန်စွာကြီးပွားမည်။
• စောင့်စည်းကြပါ ၊ လောကမှာ ၊ မှန်စွာကြီးပွားမည်။
• တရားသဖြင့်သာ ၊ အသက်မွေးပါ ၊ လောကမှာ ၊ မှန်စွာကြီးပွားမည် ။
• မမေ့လျော့ရာ ၊ လောကမှာ ၊ မှန်စွာကြီးပွားမည်။
( သံသရာ ခရီးသည် )

No comments:
Post a Comment
မှတ်ချက်ရေးသားလိုပါက အပေါ်ဘက်မှ post a commentကိုနှိပ်ပါ